ကိုးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုကို စက်တင်္ဘာလ ၁၃ ရက်နေ့တွင် စတင်တော့မည် ဖြစ်သည်။
ကိုးရီးယား ထိပ်တန်း လေကြောင်းကုမ္ပဏီဖြစ်သည့် Korean Air Lines Co. က ဆိုးလ်မြို့ရှိ အင်ချွန်းလေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အကြား တိုက်ရိုက်ပြေးဆွဲ
ပျံသန်းသွားမည်ဖြစ်၍ ခရီးကြာချိန် များစွာလျော့နည်းသွားမည်ဖြစ်ပြီး ခရီးသည်များအတွက်
သက်တောင့်သက်သာရှိစေမည်ဟု Korean Air Lines က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
လက်ရှိခရီးစဉ်မှာ ဘန်ကောက်မြို့၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့တွင် ကုန်တင်ကုန်ချနှင့်
လေယာဉ်ပြောင်းလဲရန်အတွက် ရပ်နားရလေ့ရှိကာ ရန်ကုန်မြို့မှ ဆိုးလ်မြို့သို့ ခရီးစဉ်ကြာချိန်
၈နာရီခန့်ကြာမြင့်ရာမှ တိုက်ရိုက်ပျံသန်းမည့်အစီအစဉ်အရ ၆ နာရီခန့်သာကြာမြင့်တော့မည်
ဖြစ်သည်။
ခရီးသည် ၁၃၈ ဦးဆံ့သည့် Boeing 737-800 ဂျက်လေယာဉ်များ အသုံးပြုသွားမည်ဟု
လေကြောင်း ကုမ္ပဏီက ဆိုသည်။
မြန်မာနိုင်ငံတွင်
လုပ်အား သက်သာပြီး ကြွယ်ဝလှသော စွမ်းအင်ရင်းမြစ်များ ရှိနေခြင်းကြောင့်
ကိုးရီးယား စီးပွားရေးသမားများ မြန်မာနိုင်ငံအတွင်း
စီးပွားရေးအခွင့်အလမ်းများ ရှာဖွေလုပ်ကိုင်
လျက်ရှိကြသည်။
ကိုရီးယားလေကြောင်းလိုင်း Korea Air @ >>>
မဇ္ဈိမ မှ ကူးယူဖော်ပြပါသည် @ >>>
@
ဆက်လက်ဖတ်ရှုရန် >>>
Wednesday, June 27, 2012
Monday, May 28, 2012
မြန်မာသီချင်းစာသားများနှင့် ဂစ်တာကော့
မြန်မာသီချင်းများကို မြန်မာပြည်အလွမ်းပြေ တီးခတ်ချင်သော
သူငယ်ချင်းများအတွက် တင်ပြပေးလိုက်ပါတယ်။
@ ဆက်လက်ဖတ်ရှုရန် >>>
Tuesday, May 15, 2012
Monday, May 14, 2012
ကိုရီးယားဘာသာနှင့် မြန်မာဝက်ဆိုက်
မြန်မာနိုင်ငံနှင့်ပက်သက်သော သတင်းအချက်အလက်၊ ဘာသာစကား၊ နည်းပညာ၊ မြန်မာပြည်ခရီးသွား၊ မြန်မာပြည်ရဲ့နေနိုင်မှုဘ၀ အစရှိသမျှကို ပြည့်စုံစွာ ကိုရီးယားဘာသာစကားဖြစ် လေ့လာနိုင်အောင် တင်ပြထားသောဝက်ဆိုက်တခုဖြစ်ပါသည်။
@ ဆက်လက်ဖတ်ရှုရန် >>>
Sunday, May 6, 2012
Daum မြေပုံက ပိုကောင်းမလား
@ ဒီနေရာမှာ မြေပုံဆိုက်ကိုဝင်ပါ>>>
@ ဆက်လက်ဖတ်ရှုရန် >>>
မိမိ ရှာဖွေလိုသောစက်ရုံကို လိပ်စာရိုက်၍ ကြိုတင်ကြည့်ရှုနိုင်ပြီး
ဘယ်ကားစီး၍ ဘယ်လိုသွားရမည်ကိုလဲသိရှိနိုင်ပါသည်။
မိမိဥာဏ်မှီသလိုအသုံးချနိုင်ပါသည်။
@ ဆက်လက်ဖတ်ရှုရန် >>>
Saturday, May 5, 2012
Thursday, April 5, 2012
ကိုရီးယားမြေပုံနဲ့ကြည့်မယ်
@ ကလစ်နှိပ်၍ ဆိုက်သို့ဝင်ရောက်ပါ >>>
@ ဆက်လက်ဖတ်ရှုရန် >>>
ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေကြသောသူငယ်ချင်းများ (သို့မဟုတ်) မြန်မာပြည်မှ ကိုးရီးယားနိုင်ငံသို့
လာမည့်ရောက် သူငယ်ချင်းများ ကိုရီးယားတွင် မိမိရှာဖွေလိုသောလိပ်စာကို ရိုက်နှိပ်ရှာဖွေနိုင်ကြမယ်
လို့မျှော်လင့်ပါတယ်။ ကေဘီဂျေမင်းသားလေး
@ ဆက်လက်ဖတ်ရှုရန် >>>
Wednesday, April 4, 2012
Sunday, April 1, 2012
မြန်မာ=ရွာ (အပိုင်း-၄)
ပြီးပါပြီ။
ကေဘီဂျေမင်းသားလေးမှ
အခွင့်အရေးရှိခဲ့လျှင် ရိုက်ကူးရေးတွင်လိုက်ပါ၍
ဆက်လက်ဖော်ပြပေးနိုင်အောင် ကြိုးစားသွားပါအုံးမည်။ ကျေးဇူးတင်ပါသည်။
@ ဆက်လက်ဖတ်ရှုရန် >>>
Saturday, March 31, 2012
Friday, March 30, 2012
ကိုရီးယားမင်းသမီးလေး (ဂိမ်ထယ်ဟီး)
လုံးဝခွဲစိတ်ပြုပြင်ထားခြင်းမရှိသော ကိုရီးယားမင်းသမီးလေးပါ။
ဒီလောက်ဆို သဘောပေါက်လိုက်ပါတော့နော်။
တလွဲမတွေးပါနဲ့ ခွဲစိတ်ပြုပြင်ထားတဲ့သူတွေ များတယ်လို့ပြောချင်တာပါ။
@ ဆက်လက်ဖတ်ရှုရန် >>>
Wednesday, March 28, 2012
Skype သုံးပြီး ရွာနဲ့ပြောမယ်
Skype ဆော့ဝဲပါ။ အခုတလော မြန်မာပြည်(ရွာ)နဲ့ဆက်သွယ်ရတာ အဆင်ပြေတယ်ဆိုလို့ တင်ပေးလိုက်ပါတယ်။ အသုံးပြုရန်အခက်အခဲ ရှိသောသူငယ်ချင်းများအတွက်
@ ဆက်လက်ဖတ်ရှုရန် >>>
Tuesday, March 27, 2012
Monday, March 26, 2012
ကိုရီးယား MBC ရုပ်သံမှ ထုတ်လွှင့်ခဲ့သော မြန်မာဈေးများ (အပိုင်း-၁)
ရိုက်ကူးရေးခရီးစဉ်တွင်
ကေဘီဂျေမှဆရာဦးအောင်ကိုကိုလတ်နှင့်ကေဘီဂျေမင်းသားလေးမှာတလှည့်စီလိုက်ပါသွားပါသည်။
@ ဆက်လက်ဖတ်ရှုရန် >>>
Thursday, March 22, 2012
မြန်မာအမျိုးသမီးများ ကိုရီးယားတွင် အလုပ်လုပ်ကိုင်ရန် အခွင့်အရေးရှိလာ
မြန်မာအစိုးရဘက်မှ ခွင့်ပြုပါက မြန်မာအမျိုးသမီးများ ကိုရီးယားတွင် အလုပ်လုပ်နိုင်ရန် G to G စနစ်ဖြင့် EPS ဖြေဆိုကာ လာရောက်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း KOTRA က ၁၂-၃-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။
အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောသတင်းအချက်အလက်တစ်ခုအရ
ဆော်ဒီအာရေဗျမှလွဲ၍ အခြားသောနိုင်ငံအများစုတွင် မြန်မာအမျိုးသမီး လုပ်သားများကို ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပေးထားပြီဖြစ်ကြောင်း သိရသည်။
“မြန်မာအစိုးရဘက်က ခွင့်ပြုပေးလျှင် ကိုရီးယားဘက်က လက်ခံပေးဖို့ အဆင်ပြေပါတယ်။ အစိုးရချင်းဆက်သွယ်သောစနစ် (G to G စနစ်) နဲ့ပါပဲ။ EPS တော့ ဖြေဆိုရမယ်။
ကိုရီးယားမှာက မြန်မာလုပ်သားတွေကို လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှု မြင့်တက်နေပါ တယ်။ လေလောဆယ်တော့ EPS နဲ့သွားတဲ့အထဲမှာ မိန်းကလေးတစ်ယောက်မှ မပါပါဘူး” ဟု KOTRA မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာလုပ်သားအများစုမှာလည်း ကျား၊မ မရွေး ကိုရီးယားတွင် သွား ရောက်အလုပ်လုပ်ကိုင်ခွင့်ရရန် EPS ဖြေဆိုမှု နှစ်စဉ်မြင့်တက်လာနေသည်ဟု သိရသည်။
“တကယ်လို့ မိန်းကလေးတွေ အလုပ်ခေါ်ဖြစ်သွားရင် လုပ်ခလစာ ကွာခြားမှုကိစ္စနဲ့ ပတ်သက် ပြီး ကျား၊ မ ခွဲခြားခြင်းထက် လုပ်ငန်းအမျိုးအစားအလိုက်၊ အလုပ်ရှင်ပေးတဲ့ လစာအပေါ်မူတည်ပြီး နည်းခြင်း များခြင်းဖြစ်လာမှာ ဖြစ်ပါတယ်” ဟု KOTRA မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုရီးယားလုပ်ငန်းရှင် များအနေဖြင့် မြန်မာလုပ်သားများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေပြီး EPS စနစ်ဖြင့် ခေါ်ဆိုမှု များလာမည့် ကာလများတွင် ပိုမိုများပြားလာလိမ့်မည်ဖြစ်ကြောင်း သိရသည်။
www.teashoptalk.com မှ ကူးယူဖော်ပြပါသည်။
@ ဆက်လက်ဖတ်ရှုရန် >>>
Subscribe to:
Posts (RSS)