Thursday, March 22, 2012

မြန်မာအမျိုးသမီးများ ကိုရီးယားတွင် အလုပ်လုပ်ကိုင်ရန် အခွင့်အရေးရှိလာ


မြန်မာအစိုးရဘက်မှ ခွင့်ပြုပါက မြန်မာအမျိုးသမီးများ ကိုရီးယားတွင် အလုပ်လုပ်နိုင်ရန် G to G စနစ်ဖြင့် EPS ဖြေဆိုကာ လာရောက်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း KOTRA က ၁၂-၃-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သောသတင်းအချက်အလက်တစ်ခုအရ  

ဆော်ဒီအာရေဗျမှလွဲ၍ အခြားသောနိုင်ငံအများစုတွင် မြန်မာအမျိုးသမီး လုပ်သားများကို ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပေးထားပြီဖြစ်ကြောင်း သိရသည်။

 
“မြန်မာအစိုးရဘက်က ခွင့်ပြုပေးလျှင် ကိုရီးယားဘက်က လက်ခံပေးဖို့ အဆင်ပြေပါတယ်။ အစိုးရချင်းဆက်သွယ်သောစနစ် (G to G စနစ်) နဲ့ပါပဲ။ EPS တော့ ဖြေဆိုရမယ်။

ကိုရီးယားမှာက မြန်မာလုပ်သားတွေကို လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှု မြင့်တက်နေပါ တယ်။ လေလောဆယ်တော့ EPS နဲ့သွားတဲ့အထဲမှာ မိန်းကလေးတစ်ယောက်မှ မပါပါဘူး” ဟု KOTRA မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြန်မာလုပ်သားအများစုမှာလည်း ကျား၊မ မရွေး ကိုရီးယားတွင် သွား ရောက်အလုပ်လုပ်ကိုင်ခွင့်ရရန် EPS ဖြေဆိုမှု နှစ်စဉ်မြင့်တက်လာနေသည်ဟု သိရသည်။

“တကယ်လို့ မိန်းကလေးတွေ အလုပ်ခေါ်ဖြစ်သွားရင် လုပ်ခလစာ ကွာခြားမှုကိစ္စနဲ့ ပတ်သက် ပြီး ကျား၊ မ ခွဲခြားခြင်းထက် လုပ်ငန်းအမျိုးအစားအလိုက်၊ အလုပ်ရှင်ပေးတဲ့ လစာအပေါ်မူတည်ပြီး နည်းခြင်း များခြင်းဖြစ်လာမှာ ဖြစ်ပါတယ်” ဟု KOTRA မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုရီးယားလုပ်ငန်းရှင် များအနေဖြင့် မြန်မာလုပ်သားများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေပြီး EPS စနစ်ဖြင့် ခေါ်ဆိုမှု များလာမည့် ကာလများတွင် ပိုမိုများပြားလာလိမ့်မည်ဖြစ်ကြောင်း သိရသည်။

www.teashoptalk.com မှ ကူးယူဖော်ပြပါသည်။

0 comments:

Comment here

ဤနေရာတွင် လွတ်လပ်စွာ ဝေဖန်ရေးသားနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။ မင်းသားလေး

Related Posts Plugin for WordPress, Blogger...