အားလုံး မင်္ဂလာပါ။
အေးခဲနေတဲ့ ဆောင်းရာသီမှာ နွေးေ ထွးစည်းလုံးတဲ့ အလှူပွဲလေးတခု လုပ်ဖို့ စီစဉ်နေပါသည်။
KBJ ဆရာမများနဲ့ ကျောင်းသားများ စုပေါင်းကာ စုပေါင်းအလှူပွဲအား (၁၂.၂.၂၀၁၂ တနင်္ဂနွေနေ့) တွင် ကျင်းပရန် ရည်ရွယ်ထားပါသည်။
ဆိုးလ်တွင် ရှိသည့် ကျောင်းသားများနှင့် ဆရာမများမှ ဦးစီးကာ အလှူပွဲရက်ကို ရယူပြီး အကျွေးအမွေးအစီအစဉ်များအား တိုင်ပင်ဆွေးနွေးခဲ့ပါသည်။
အချိန်အခက်အခဲကြောင့် အားလုံးထံ ဆက်သွယ်ကာ အကြံဥာဏ်များ မရယူနိုင်သည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။
စုပေါင်းအလှူပွဲ အစီအစဉ်အကြမ်းအပေါ် ဝေဖန်အကြံပြုချက်များအား တောင်း ဆိုအပ်ပါသည်။
သင့်တော်ကောင်းမွန်သည့် ဝေဖန်အကြံပြုချက်များအား တလေးတစားလက်ခံတုန့်ပြန်ကာ
လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
သင့်တော်ကောင်းမွန်သည့် ဝေဖန်အကြံပြုချက်များအား တလေးတစားလက်ခံတုန့်ပြန်ကာ
လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
အစည်းအဝေးဆုံးဖြတ်ချက်နှင့် အလှူပွဲအစီအစဉ်(အခြေအနေအရ အနဲငယ် ပြောင်းလဲနိုင်သည်) အသေးစိတ်အား ယခုကဲ့သို့ အီးမေးလ်ဖြင့် တင်ပြပါမည်။
စုစည်းညီညွှတ်စွာဖြင့် သဒ္ဒါတတ်အားနဲများမဆို အလှူငွေများ ထည့်ဝင်နိုင်ပါရန် အလှူငွေထည့်ဝင်နိုင်သည့် နည်းလမ်းနှင့် ဘဏ်အကောင့်အား အောက်တွင် တပါတည်း ဖော်ပြပါမည်။
စုပေါင်းအလှူပွဲလေးတွင် ကာယအား၊ ဥာဏအား၊ ဓနအားဖြင့် မိမိ တတ်နိုင်သည့်ဘက်မှ နိုင်စွမ်း သမျှ တက်ကြွစွာ ပါဝင်ကူညီကြပါရန် နှိုးဆော်တိုက် တွန်းအပ်ပါသည်။
အီးမေးလ်တွင် မပါဝင်သူများနှင့် မေ့ကျန်ခဲ့သူ များ အများအပြား ရှိနိုင်ပါသည်။
ကျန်ရစ်ခဲ့သူများအား အနူးအညွှတ် တောင်းပန်အပ်ပါသည်။
အီးမေးလ် ရရှိသူများအားလုံး အခြား KBJ ကျောင်းသားများအား လက်ဆင့်ကမ်း မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။
-----------------------------
နေ့ရက်နှင့် အကျွေးအမွေးအစီအစဉ်
နေ့စွဲ ~~~~~ ၁၂- ၂- ၂၀၁၂(တနင်္ဂနွေနေ့)
အချိန် ~~~~~ မနက် (၇) နာရီမှ နေ့လည် (၁) နာရီအထိ။
နေရာ ~~~~~ ဗုဒ္ဓသာသနာပြုကျောင်းတော်(အလုပ် သမားကျောင်း)၊ ဘူဖျောင်းမြို့။
ဘုန်းကြီးဆွမ်းပွဲ ~~~~~ မနက်အာရုံဆွမ်းနှင့် နေ့ဆွမ်း( မုန့်ဟင်းခါးနှင့် မြန်မာထမင်းဟင်း)
အကျွေးအမွေး ~~~~~ အာရုံ - မုန့်ဟင်းခါး(အပြောင်းအလဲ ရှိနိုင်ပါသည်)။
နေ့လည်စာ - မြန်မာထမင်းဟင်း (ဟင်းအပြောင်းအလဲ ရှိနိုင်ပါသည်)။
++မြန်မာထမင်းဟင်း ~~~~~ သီးစုံပဲကုလားဟင်း၊ ၀က်သားကြံမဆိုင်ပေါင်း၊ ကြက်သားသုပ်၊ ငါးပိချက်တို့စရာ။
++အချိုပွဲ ~~~~~ လက်ဖက်သုပ်၊ အအေးနှင့် အချိုမှုန့်။
အကျွေးအမွေးအားလုံးအတွက် ချက်ပြုတ်ပေးမည့် သူများအား တွေ့ဆုံအပ်နှံခဲ့ပြီး ဖြစ်ပါသည်။
အလှူဒါယကာများဘက်မှ ဘုရားပန်း၊ ဘုရားဆွမ်းတော်နှင့် ဧည့်ခံရန် အချိုပွဲပြင်ဆင်မှုများအား လုပ်ဆောင်ပြီး၊
အလှူအတွက် ဝေယျဝစ္စများ ကူညီလုပ်ဆောင်ပေးကြလျှင်ရပြီ ဖစ်ပါသည်။
ထို့ပြင် အလှူပြီးဆုံးသည့်အခါ ဘုန်းကြီးကျောင်းတော် တခွင်လုံးအား သန့်ရှင်းရေးလုပ်အားပေးအနေဖြင့် လုပ်အားအလှူခံလျှက်ရှိနေပါသည်။
------------------------------ -
အလှူငွေထည့်ဝင်ရန်
အလှူငွေအား အောက်ပါဘဏ်အကောင့်သို့ ပို့ပေးကာ ထည့်ဝင်ပါဝင်နိုင်ပါသည်။
ထို့နောက် အောက်ပါ ရေးထားသော link အား ကလစ်နှိပ်ကာ အလှူရှင်အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ လှူဒါန်းငွေ၊ သန့်ရှင်းရေးလုပ်အားပေး ပါဝင်နိုင်ခြင်း ရှိမရှိင့်၊ အကြုံပြုလိုသည်များအား မှတ်ချက်အဖြစ် ရေးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါ သည်။ ထိုဇယားတွင် မပျက်မကွက် အချက် အလက်များ ဖြည့်ပြီးနောက်တွင်မှ ငွေအကောင့်သို့ အလှူငွေ ပေးပို့လှူဒါန်းကြပါရန် ပန်ကြားအပ်ပါသည်။
အလှူငွေများ ၁၁- ၂- ၂၀၁၂(စနေနေ့) နေ့လည် ၁၂း ၀၀ အထိ လက်ခံမည်ဖြစ်ပါသည်။
Lwin Lwin Cho
KB Bank(국민은행)
660-402-0135-7547
အောက်ပါ လင့်အတွင်း ၀င်ရောက်ကာ အလှူရှင်များ၏ အချက်အလက်များအား မပျက်မကွက် ရေးသားပေးကြပါရန်။
@ ဒီမှာကလစ်နှိပ်ပါ။
ကျေးဇူးတင်ပါသည်။
ဆရာ အစစအရာရာ အဆင်ပြေပါစေ...
ReplyDeleteဆရာက ခဏခဏ လှူတော့ တပည့်တွေလည်း သာဓု ခဏခဏခေါ်လို့ ရတာပေါ့...ကိုရီးယားအထိ သွားပြီး ကုသိုလ်ပြုတာ ဝမ်းသာအားကျပါတယ်...တစ်ချိန်ချိန်ကျရင်တော့ ဆရာလိုမျိုး ပေးတဲ့သူပဲ ဖြစ်ချင်ပါတယ်...